အသိတွေေ၀၀ါး
အိပ်ရေးပျက်ခဲ့ သန်းခေါင်ယံညများစွာ
စကြာဝဠာထဲကို အတွေးတွေနဲ့ ခရီးနှင်ခိုက်
လမိုက်ညရဲ့ တိတ်ဆိတ်မှုတွေ ကြီးစိုးချိန်
အလင်းငတ်ခဲ့ ကြယ်လေးတွေနဲ့
ငါ-ရင်ခြင်း အပ်လို့ပေါ့
မြတ်နိုးခြင်းတောင်ထိပ်ပေါ်မှာ
ဒဏ်ရာ ရထားတဲ့ ခွက်ကျင်း တစ်ကျင်းသို့
သံသယနဲ့ ဆေးခြယ်ထားတဲ့ အလံကို စိုက်
မိုက်ရူးရဲ ဆန်စွာ ငါ ၀င့်ကြွားချင်ခဲ့..
ခပ်ယဲ့ယဲ့ မျှော်လင့်ချက်နဲ့
ပြက်လုံးတစ်ခုရဲ့ အဆုံးမှာ
ငါ့ရင်ဘတ်ထဲ
ငိုရှိုက်သံတွေနဲ့ မိုးရာသီ
ပြိုလဲခဲ့ပါပြီ..
ကြေကွဲခဲ့ပါပြီ။
ဒဏ်ရာရ တေးကိုသီ ခံစားမှုနဲ့ ညည်းဆိုရင်း
အင်း……သက်ပြင်းကို နာနာချ
ဒါ ဘ၀ပဲလို့
အလွမ်းတွေနဲ့ ခရီးနှင်ခိုက်။
ပြည့်စုံ(G.T.U)
Monday, June 29, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment