Wednesday, June 24, 2009

အချစ်နဲ့ကြုံခဲ့မိလေသမျှ(၂)

တစ်နေ့တော့ ကောင်လေးဟာ ကောင်မလေးကို ချစ်တဲ့ အကြောင်း ဖွင့်ပြောလိုက်သတဲ့။(ကွန်ပျူတာ application တစ်ခုမှာ ရိုက်ပြီး ကောင်မလေးကို ခေါ်ပြတာပါ)
ကောင်မလေးကလည်း သိတော့သိတယ်။ ဒါပေမယ့် နောက်တစ်နေ့ရောက်တော့မနက်စောစော(လမ်းမှာ) ကောင်လေးကို ဒီလို ပြောသတဲ့။

ကောင်မလေးက သူ့မှာ ရည်းစားရှိတယ်ဆိုတဲ့ အကြောင်း ပြောတယ်တဲ့။ ကောင်လေးက မယုံဘူးလို့ ပြောတယ်တဲ့။ ဒီလိုနဲ့ ကုမဏီနားရောက်တော့
ကောင်လေးက သူ့ကို ချစ်လားလို့ ထပ်မေးလိုက်တယ်တဲ့။ ကောင်မလေးကလည်း ချစ်တယ်လို့ အဖြေပေးလိုက်သတဲ့။

ကောင်လေး အရမ်းကို ပျော်သွားသတဲ့။ တကယ်တော့ ကောင်မလေးက သူ့ကို သာယာခဲ့တာတဲ့။ နောက်ပြီး သု့မှာ လက်ထပ်မယ့်သူရှိပြီးသားတဲ့။
ဒါကို ကောင်လေးက မသိဘူးတဲ့။ ကောင်မလေးက အမှန်ဆို အစကတည်းက သူ့ရဲ့ အကြောင်းတွေ ဖွင့်ပြောဖို့ ကောင်းသတဲ့။

ဒါပေမယ့် ကောင်မလေးက လိမ်ထားခဲ့တယ်တဲ့။ အဲ ကောင်လေးက သူ့ကို မနက်ပိုင်းမှာ ကြိုနိုင်ပေမယ့် ကောင်လေးက ညပိုင်း အလုပ်ကို ညည့်နက်မှာ
ပြန်ရတော့ ကောင်မလေးကို လိုက်မပို့နိုင်ဘူးတဲ့။ ညည့်မနက်လည်း လိုက်ပို့လို့ မရဘူးတဲ့။ ကောင်မလေးက ညဘက်ဆိုရင် သူ့အစ်ကို လာလာကြိုတယ်လို့

ပြောသတဲ့။ ကောင်လေးက တော့ တကယ်ပဲ မှတ်နေခဲ့သတဲ့။ အမှန်တော့ ကောင်မလေးဟာ ညဘက် လာကြိုတာဟာ သူ့အစ်ကိုမဟုတ်ဘူးတဲ့။ သူနဲ့ လက်ထပ်မယ့်
ရည်းစားဆိုတာ ကောင်လေးက မသိဘူးတဲ့။ ကောင်လေးဟာ ညဘက်ဆိုရင် ကောင်မလေးပြန်တိုင်း ကြည့်ရတာ အမောပဲတဲ့။ ကောင်မလေးဟာ သူ့အစ်ကိုဆိုသူနဲ့

ညတိုင်း ပြန်တိုင်း လွမ်းပြီး ကျန်ရစ်ခဲ့သတဲ့လေ။ ညတိုင်းလိုလိုပါပဲတဲ့။ သူ့ခဗျာ တစ်နေကုန် ကောင်မလေးမျက်နှာ မြင်နေရပေမယ့်လည်း ညဘက်ကိုလည်း အရမ်းကို
လိုက်ပို့ချင်သတဲ့လေ။ ဒါပေမယ့် တစ်ခါလေတောင် ပို့ခွင့်မရဘူးတဲ့။

ဒီလိုနဲ့ မနက်ဆိုရင် ချစ်လိုက်၊ ညဘက်ဆိုရင် လွမ်းလိုက်နဲ့ အချိန်တွေဟာ ကုန်မှန်းမသိ ကုန်လာခဲ့သတဲ့။ ညစဉ်ညတိုင်း ကောင်မလေးအတွက် ကောင်လေးဟာ မအိပ်ဘဲနဲ့ overtime တောင်ဆင်းပြီး အလုပ်လုပ်သတဲ့။ နေ့တိုင်းလိုလို သူဟာ ညဘက် ကို ၃း၀၀ လောက်မှ အိပ်ရသတဲ့။ အိပ်ရေးပျက်တော့ အစားပျက်သတဲ့။

ကောင်လေးဟာ ငယ်ငယ်ကတည်းက ပြည့်ပြည့်စုံစုံ နေလာရပေမယ့် ကောင်မလေးနဲ့တွေ့တော့ ကိုယ်စွမ်းရှိသလောက် ကိုယ့်ထူးကိုးချွန် ကြိုးစားသတဲ့။
ဒါကို ကောင်လေးက လွဲလို့ ဘယ်သူမှ မသိဘူးတဲ့လေ။

ကောင်လေးဟာ ဘယ်လောက်ကြီးပဲ အိပ်ရေးပျက် အစားပျက်ပျက် သူလုပ်ရတဲ့ အလုပ်ကိုတော့ စိတ်ပါ ၀င်စားစွာနဲ့ လုပ်လေ့ရှိသတဲ့။ စေတနာလည်း
ထားသတဲ့။

သူဟာ စကားပြောလည်း ကောင်းတော့ သူငယ်ချင်းတွေက အရမ်းခင်သတဲ့။ သူဟာ အဲဒီမြို့လေးကို ရောက်တာ မကြာသေးပေမယ့် သူ့ရဲ့ အချိန်တိုလေးအတွင်းမှာ
အပေါင်းအသင်းမိတ်ဆွေတွေ အများကြီး ရသတဲ့။

ဒီလိုနဲ့ တစ်နေ့တော့ ကောင်လေးဟာ ကောင်မလေးရဲ့ အကြောင်းကို အနည်းအကျဉ်းသိလာသတဲ့။ ကောင်မလေးမှာ ရည်းစားရှိတယ်ဆိုတဲ့ အကြောင်းပေါ့။
ဒါပေမယ့် ကောင်လေးကတော့ သူ့ကို ယုံကြည်နေလို့ သူများတွေပြောလည်း မယုံဘူးတဲ့လေ။


(တတိယပိုင်း ဆက်လက်ရေးသားပါမည်)

No comments: