Wednesday, June 24, 2009

အချစ်နဲ့ကြုံခဲ့မိလေသမျှ

ဟိုး လွန်ခဲ့တဲ့ (အဲ-၁၀/၀၈) လ လောက်တုန်းက ကောင်လေး တစ်ယောက်ဟာ ကောင်မလေးတစ်ယောက်ကို အရမ်းချစ်ခဲ့မိတယ်တဲ့
သူနဲ့ အတူသွား-အတူစား-အတူတူတော့(မပြန်) အတူလုပ်(အလုပ်)လုပ်သတဲ့။ သူတို့ဟာ ကုမဏီတစ်ခုမှာ မရှေးမနှောင်း အလုပ်ဝင်ဖြစ်သတဲ့။

ပထမတော့ ကောင်လေးနဲ့ ကောင်မလေးဟာ ခင်ယုံပဲ ခင်ပြီး ကောင်လေးက တစ်ဖက်သတ်ချစ်နေသတဲ့။
တကယ်တော့ ကောင်လေးဟာ ရည်းစားတွေ အများကြီးထားခဲ့ဖူးပေမယ့် အဲဒီကောင်မလေးလောက် မချစ်ခဲ့ဖူးဘူးတဲ့။ ကောင်လေး ရည်းစားတွေ ရှိမှန်းလည်း

ကောင်မလေးက သိတယ်တဲ့။ ကောင်လေးဟာ ကောင်မလေးကို နေ့တိုင်း(မနက်တိုင်းလိုလို ) သူ့အိမ်လမ်းထိပ်ကနေ ကောင်မလေးကို ကြိုပြီး အလုပ်သွားလေ့ရှိသတဲ့။

တကယ်တော့ ကောင်လေး နေတဲ့ နေရာက အလုပ်နဲ့နီးပေမယ့် ကောင်မလေးကို ချစ်တော့ အဝေးကြီး (ဆောင်းတွင်း)ချမ်းချမ်းစီးစီး အစောကြီးထသွားလေ့ရှိသတဲ့။
ကောင်မလေးကလည်း မနက်ပိုင်းဆိုရင် သူ့ကို မျှော်နေလေ့ရှိသတဲ့။နောက်ပြီး နှစ်ယောက်အတူ လမ်းမှာ မုန့်တွေ ၀ယ်စားဖြစ်ကြတယ်ပေါ့။ ကောင်လေးဟာ

ကောင်မလေးကို အမြဲတွေ့နေရပေမယ့်လည်း ချစ်လို့ မ၀နိုင်ဘူးတဲ့။ ဒါကိုကောင်မလေးကလည်း သိတော့ သိတယ်-မသိချင်ဟန်ဆောင်နေသတဲ့။
ကောင်လေးနဲ့ ကောင်မလေးဟာ ထမင်းစားလည်း အတူတူတဲ့။ ကောင်လေးဟာ ခံစားချက်တွေ အရမ်းများနေရင်--ကောင်မလေးကို ယုံကြည်မှုနဲ့

ဖွင့်ပြောလေ့ရှိသတဲ့။
ကောင်မလေးကလည်း နားထောင်ပေးလေ့ရှိသတဲ့။ သူတို့မှာ တိုင်ပင်ဖော်တိုင်ပင်ဖက်အစ်မကြီး တစ်ယောက်ရှိသတဲ့။ သူတို့နဲ့ အလုပ်အတူတူ လုပ်တဲ့ အစ်မကြီးပေါ့။

အစ်မကြီးကလည်း ကောင်လေးကို နင်ကောင်မလေးကို တကယ်ချစ်လားလို့ မေးတယ်တဲ့။ ကောင်လေးက တကယ်ချစ်တဲ့အကြောင်း ပြောတာပေါ့။
ကောင်လေးက အရင်တုန်းက ဘာကိုမှ အလေးအနက်မထားဘူးတဲ့။ အရာရာကို ပေါ့ပေါ့တန်တန်ပဲ သဘောထားတယ်တဲ့။

နောက်ပြီး ကောင်လေးဟာ ကျန်းမာရေးကလည်း သိပ်မကောင်းတော့ သူ့အိမ်က သူ့ကို ဘာအလုပ်မှ မလုပ်ခိုင်းပဲ ထားတယ်တဲ့။
ကောင်လေးဟာ အရာရာကို အလေးအနက်မထားသလောက် အခုကောင်မလေးကိုကျတော့ အလေးအနက် ထားသတဲ့။

ကောင်မလေးကတော့ သူ့ကို မချစ်ဘူးတဲ့။သူဟာ ကောင်မလေးကို တင့်တောင့်တင့်တယ် ထားနိုင်ဖို့အတွက် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားသတဲ့။


(ဒုတိယပိုင်း ဆက်လက်ရှုစားရန်)

No comments: