Wednesday, June 24, 2009

အလွမ်းရဲ့လွမ်းခြင်း

“ သတိရပါတယ်” ဆိုတဲ့ စကားလေး တစ်ခွန်းနဲ့တင်
အလွမ်းတွေ အားလုံး ချုပ်ငြိမ်းသွားခဲ့ပါပြီ။
သတိလစ်နေတဲ့ င့ါရဲ့ ရင်ခုန်သံတွေလည်း
လျှပ်တစ်ပြက် လန့်နိုးသွားခဲ့ရတယ်.
ခံစားချက်တွေက ပြင်းပြ
ဖြတ်မရတဲ့ သံယောဉ်ဇဉ်တွေကြောင့်
ပြန်တွေးလိုက်တိုင်း
ကြည်နူးခြင်း အပိုင်းအစလေးတွေက
ရင်မှာ အသစ်တွေ ဖြစ်လို့ပေါ့။
ချစ်ရသူရယ်..
င့ါကို မသနားရင်ပေါ့
မင်းဆုပ်ချေခဲ့တဲ့ ငါ့နှလုံးသားဟာ
ခုချိန်ထိ
မင်းရဲ့ လက်အရာတွေ ထင်နေတုန်းပဲ။
“ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်မထားမှန်း သိရမှာတော့။
ငါ ဘာဝမ်းနည်းနေစရာ လိုသေးလဲ။

2 comments:

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်
ကောင်လေးလား?။ ကောင်မလေးလားကွယ်...
မြင့်မြတ်နှလုံးသားပိုင်ရှင် ဆိုတော့..။နှစ်လုံးပါနေတယ်ဆိုတော့...ဘော.၊ဘောစိ ယောက်ျား သေချာဖြစ်ရမည်....။

မြင့်မြတ်နှလုံးသားပိုင်ရှင် said...

ဟာဂျာ။ ဦးက တော်တော် နောက်တီးနောက်တောက်နဲ့

ယောက်..........................ယောက်...............
ယောက်........................ကျား အစစ်ကြီးပဲဗျ။