Wednesday, June 24, 2009

မမအတွက်တော့ မဟုတ်ဘူး။ဒါပေမယ့် ခံစားပေးပါ။

မမ အတွက်တော့ မဟုတ်ဘူး။ ဒါပေမယ့် ခံစားပေးပါ

နွေးထွေးမှု ငတ်မွတ်လို့ တောင့်တနေချိန်
အဖြူရောင်တွေ မျှော်လင့်ပေမယ့်လည်း
အပူလောင်ဆုံး အရည်ပျော်မှတ်က
သာမိုမီတာတောင် လိုက်လို့ မမီဘူး
နာကျင်ခဲ့ဘူးပါတယ် ဒါပေမယ့် အရူး
ဟုတ်တယ်အရူး..
ဘာကိုမှ မသိချင်ဘူး
ဘာကိုမှလည်း မမျှော်လင့်ခဲ့ဘူး
လိုအပ်တာ တစ်ခုတည်း ရတယ်ဆိုရင်ပဲ
ပီတိတွေနဲ့ ကျေနပ်လို့….။
သံယောဇဉ်ရဲ့ လမ်းခုလပ်မှာ
ရင်နာစရာတွေက ဆီးကြိုလို့ပေါ့
ငါ့ကို အသုံးချပါ
င့ါဘ၀ကို ဆုပ်ချေပါ
ဒါပေမယ့်..
ငါပြိုလဲတဲ့အခါ တွဲကူပေးပါ
ပေါက်ကွဲမှုတွေ အလိုအလျောက်ထွက် မလာဖို့
စကားလုံးတွေနဲ့ တားဆီးပေးပါ။
ဖေးကူသူမဲ့တဲ့ ဘ၀မှာ တစ်သက်တာအတွက်တော့
တောင့်တာမှုတွေနဲ့ မရင်းနှီးစေလိုပါ။
စိုးမင်းအောင်(G.T.U)

No comments: