မတွေးဖြစ်အောင် ကြိုးစားခဲ့ပါတယ်
မျက်ရည်မကျအောင် မတားနိုင်မှာဘဲ
ငါ ငိုခဲ့ပြီးပြီ။
နွေရာသီရဲ့ အပူချိန် ဒီဂရီဟာ
င့ါရင်ဘတ်ထဲက ပူလောင်မှုကို
ကျော်လွန်နိုင်မှာ မဟုတ်ဘူး နော်။
တိတ်တဆိတ်ခိုးယူသွားတဲ့ ငါ့ရင်ခုံသံတွေ
နင့်ရဲ့ ရောင်စုံ အပြုံးပါးပါးပေါ်မှာ နင်းခြေ
ရိုးမြေကျဆိုတဲ့ ငါ့ခံယူချက်
ထူခဲ့တဲ့ ပန္နက်တိုင်တွေ ယိုင်လဲ
ရင်ခုန်သံတွေက အက်ကွဲကွဲနဲ့
ငါ ကြေကွဲလို့ပေါ့။
ဖိုးလမင်း ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့
ဒီတေးလေးနဲ့ ခလေး အငိုတိတ်အောင် ချော့နိုင်မှာပါ
ဒါပေမယ့်…
ငါ့နှလုံးသွေးတေ မငိုကြွေးဖို့
နင့်အပြုံးတွေက ကဗျာ မဆန်ခဲ့ဘူး။
အာဒမ်နဲ့ ဧ၀ကို အားကျဖို့
ကာရံမဲ့ခဲ့တဲ့ မျှော်လင့်ချက်ကို တေးသီပြီး
မင်းအနားမှာ
ဆိုညည်းခွင့် ရချင်တယ်။
ပြည့်စုံ(G.T.U)
Monday, June 29, 2009
ငတ်မွတ်စွာ မျှော်လင့်ခြင်း
အသိတွေေ၀၀ါး
အိပ်ရေးပျက်ခဲ့ သန်းခေါင်ယံညများစွာ
စကြာဝဠာထဲကို အတွေးတွေနဲ့ ခရီးနှင်ခိုက်
လမိုက်ညရဲ့ တိတ်ဆိတ်မှုတွေ ကြီးစိုးချိန်
အလင်းငတ်ခဲ့ ကြယ်လေးတွေနဲ့
ငါ-ရင်ခြင်း အပ်လို့ပေါ့
မြတ်နိုးခြင်းတောင်ထိပ်ပေါ်မှာ
ဒဏ်ရာ ရထားတဲ့ ခွက်ကျင်း တစ်ကျင်းသို့
သံသယနဲ့ ဆေးခြယ်ထားတဲ့ အလံကို စိုက်
မိုက်ရူးရဲ ဆန်စွာ ငါ ၀င့်ကြွားချင်ခဲ့..
ခပ်ယဲ့ယဲ့ မျှော်လင့်ချက်နဲ့
ပြက်လုံးတစ်ခုရဲ့ အဆုံးမှာ
ငါ့ရင်ဘတ်ထဲ
ငိုရှိုက်သံတွေနဲ့ မိုးရာသီ
ပြိုလဲခဲ့ပါပြီ..
ကြေကွဲခဲ့ပါပြီ။
ဒဏ်ရာရ တေးကိုသီ ခံစားမှုနဲ့ ညည်းဆိုရင်း
အင်း……သက်ပြင်းကို နာနာချ
ဒါ ဘ၀ပဲလို့
အလွမ်းတွေနဲ့ ခရီးနှင်ခိုက်။
ပြည့်စုံ(G.T.U)
အိပ်ရေးပျက်ခဲ့ သန်းခေါင်ယံညများစွာ
စကြာဝဠာထဲကို အတွေးတွေနဲ့ ခရီးနှင်ခိုက်
လမိုက်ညရဲ့ တိတ်ဆိတ်မှုတွေ ကြီးစိုးချိန်
အလင်းငတ်ခဲ့ ကြယ်လေးတွေနဲ့
ငါ-ရင်ခြင်း အပ်လို့ပေါ့
မြတ်နိုးခြင်းတောင်ထိပ်ပေါ်မှာ
ဒဏ်ရာ ရထားတဲ့ ခွက်ကျင်း တစ်ကျင်းသို့
သံသယနဲ့ ဆေးခြယ်ထားတဲ့ အလံကို စိုက်
မိုက်ရူးရဲ ဆန်စွာ ငါ ၀င့်ကြွားချင်ခဲ့..
ခပ်ယဲ့ယဲ့ မျှော်လင့်ချက်နဲ့
ပြက်လုံးတစ်ခုရဲ့ အဆုံးမှာ
ငါ့ရင်ဘတ်ထဲ
ငိုရှိုက်သံတွေနဲ့ မိုးရာသီ
ပြိုလဲခဲ့ပါပြီ..
ကြေကွဲခဲ့ပါပြီ။
ဒဏ်ရာရ တေးကိုသီ ခံစားမှုနဲ့ ညည်းဆိုရင်း
အင်း……သက်ပြင်းကို နာနာချ
ဒါ ဘ၀ပဲလို့
အလွမ်းတွေနဲ့ ခရီးနှင်ခိုက်။
ပြည့်စုံ(G.T.U)
Wednesday, June 24, 2009
အလွမ်းရဲ့လွမ်းခြင်း
“ သတိရပါတယ်” ဆိုတဲ့ စကားလေး တစ်ခွန်းနဲ့တင်
အလွမ်းတွေ အားလုံး ချုပ်ငြိမ်းသွားခဲ့ပါပြီ။
သတိလစ်နေတဲ့ င့ါရဲ့ ရင်ခုန်သံတွေလည်း
လျှပ်တစ်ပြက် လန့်နိုးသွားခဲ့ရတယ်.
ခံစားချက်တွေက ပြင်းပြ
ဖြတ်မရတဲ့ သံယောဉ်ဇဉ်တွေကြောင့်
ပြန်တွေးလိုက်တိုင်း
ကြည်နူးခြင်း အပိုင်းအစလေးတွေက
ရင်မှာ အသစ်တွေ ဖြစ်လို့ပေါ့။
ချစ်ရသူရယ်..
င့ါကို မသနားရင်ပေါ့
မင်းဆုပ်ချေခဲ့တဲ့ ငါ့နှလုံးသားဟာ
ခုချိန်ထိ
မင်းရဲ့ လက်အရာတွေ ထင်နေတုန်းပဲ။
“ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်မထားမှန်း သိရမှာတော့။
ငါ ဘာဝမ်းနည်းနေစရာ လိုသေးလဲ။

ကျောင်းက သူငယ်ချင်း
ကျောင်းတတ်ရက်တွေကို
ဝေလေလေနဲ့ ကျော်ဖြတ်ခဲ့တဲ့ ငါတို့တွေဟာ
နောက်ဆုံးတော့
တတိယနှစ်ကိုရောက်ခဲ့ပြီလေ
တစ်ချို့က
ကျောင်းပြီတော့မှာမို့
ဂုဏ်ယူပါတယ်တဲ့
ငါကတော့
အဖြူရောင်မြို့လေးကို
စွန့်ခွှာရမယ့်စစ်သည်တော်လိုပဲ
ရှေ့တန်းကိုကြောက်ရွံ့ မိတယ်
သူငယ်ချင်းရယ်
အပစ်အခက်တွေကြားမှာ
စစ်မက်မဖြစ်ပွားခင်
နင်တို့ရဲ
အဖြူရောင်အပြုံးမျက်နှာကို
ငါ အ၀ကြည့်သွားချင်တယ်
အတိတ်ဆိုတာ
ယူဆောင်လို့ရကောင်းတဲ့ အရာမဟုတ်ရင်တောင်
ငါ့ကိုတော့
ပစွု့ပွန်မှာပဲ ရပ်တန့်ခွင့်ပေးပါ
အနာဂတ်ကို စွှန်လွှတ်ပြီး
အဖြူရောင်မြို့လေးထဲမှာ
နင်တို့နဲ့အတူ
ထာဝရရပ်တည်ချင်တယ်
သူငယ်ချင်းများပျော်ရွင်ချမ်းမြေ့ပါစေ...။

ချစ်ခဲ့ရဲ့လား
ကဗျာလေးတစ်ပုင်္ဒပါ။ခံစားပေးရင်ဝမ်းသာမိမှာပဲ
မစရသေးတဲ့ပြဇါတ်တစ်ပုဒ်ကို
မင်းဘက်ကတစ်ဘက်သတ်ပြီးဆုံးပြီတဲ့
ဘာတွေလဲကွာ..ဘ၀ဆိုတာ
မင်းစကားတစ်ခွန်းလောက်အရေးပါခဲ့ရင်
အမုန်းဆိုတာကိုငါကျေနပ်စွာနဲ့ထွေးပွေ့ထားမိမှာ
အခုတော့..
အခုတော့..
ငါ့အကြင်နာတွေမလောက်ငှခဲ့လို့လား..
ငါ့နှုတ်ခမ်းတွေခါးခဲ့လို့လား..
ငါ့မျက်ဝန်းတွေမရိုးသားခဲ့လို့လား..
ငါ့အသဲကမဖြူစင်ဘူးထင်ခဲ့လို့လား..
အဖြေရှာကာမရေရာတဲ့မေးခွန်းတွေအောက်မှာပဲ
မွန်းကျပ်စွာတဲ့မေးချင်မိတယ်
ချစ်ခဲ့ရဲ့ လား..
သူခိုးလေး(မြန်မာချက်အွန်လိုင်း)မှ ကောက်နှုတ်ချက်

လူတိုင်းမှာ အမေ
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။
ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ
အကြောင်းတရား အခြေမွဲ
သူတောင်းစားအမေလည်း အမေ
သမီးသားတွေ ကြီးထွားစေရာဖို့
စီးပွားအထွေအထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနှင့်
ငွေသားအမွေ မပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
ဗိုက်မှောက်တော့ အတူတူ
(ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့)
ခြင်ကိုသွေးလှူ အတူတူ
အပူကိုမျှဝေခံစား
ဒုက္ခကိုပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမူ ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတပါး
အခြားပေးစရာ အထွေအထွေ မွဲသောလည်း
အမေဟာ အမေပဲလေ....
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်။
ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ
အကြောင်းတရား အခြေမွဲ
သူတောင်းစားအမေလည်း အမေ
သမီးသားတွေ ကြီးထွားစေရာဖို့
စီးပွားအထွေအထွေ
စိန်ရွှေပတ္တမြား အိမ်မြေကားနှင့်
ငွေသားအမွေ မပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
ဗိုက်မှောက်တော့ အတူတူ
(ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့)
ခြင်ကိုသွေးလှူ အတူတူ
အပူကိုမျှဝေခံစား
ဒုက္ခကိုပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမူ ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတပါး
အခြားပေးစရာ အထွေအထွေ မွဲသောလည်း
အမေဟာ အမေပဲလေ....
အချစ်နဲ့ကြုံခဲ့မိလေသမျှ(၃)
အဲ---ဒီလိုနဲ့ တစ်နေ့တော့ ကောင်လေးဟာ ကောင်မလေးကို အရမ်းသိပ်တွေ့ချင်တော့ ကိုယ်ရေးကိုယ်တာ
ကိစ္စတစ်ခုနဲ့ ခွင့်(၁)ရက်ယူလိုက်တယ်တဲ့။ အဲဒီနေ့ကဆို ကောင်လေးဟာ ကောင်မလေးကို တစ်ရက်ပဲ မတွေ့ရတာနဲ့ အရမ်းကို လွမ်းနေသတဲ့။
သူ့ကိစ္စကို အမြန်ပြီးအောင် ဆောင်ရွက်ပြီး ညပိုင်းမှာ ကုမ္ပဏီကို သွားခဲ့တယ်။ ဒါပေမယ့် ကောင်မလေးက သူ့အစ်ကို
(သူ့ရည်းစားနောက်တစ်ယောက်)နဲ့( တကယ်တော့နောက်တစ်ယောက်ဆိုတာ သူ့ရဲ့အရင်ရည်းစားပါ)ပြန်သွားပြီတဲ့။
ကောင်လေးဟာ အရမ်းတွေ့ချင်တော့ အရဲစွန့်ပြီး ကုမ္ပဏီကနေ့ သူချစ်တဲ့ ကောင်မလေးအိမ်ကို သွားသတဲ့။ ဒါပေမယ့်
ကောင်မလေးဟာ ည(၉၀၀)နာရီထိုးနေပေမယ့် ပြန်မရောက်သေးဘူး။ ကောင်မလေးရဲ့ အိမ်နဲ့ သူနဲ့က ရင်းနှီးပြီးသားဆိုတော့ အိမ်ထဲထိ
ဝင်မေးတယ်လေ။ ကောင်မလေးအိမ်က အလုပ်က မလာသေးတဲ့ အကြောင်း ပြောတော့ ကောင်လေး တော်တော်ကို စိတ်ပူသွားတယ်လေ။
အဲဒါနဲ့ သူဟာ ကောင်မလေးရဲ့ အိမ်အနီးနားလေးက ခုံလေးမှာ ထိုင်ပြီး စောင့်နေခဲ့တယ်။
ကောင်မလေးဟာ တော်တော်နဲ့ကို ပြန်မလာဘူးတဲ့။ ကုမ္ပဏီက ပြောလိုက်တာက အစောကတည်းက ပြန်သွားပြီတဲ့လေ။
ကောင်လေးရဲ့  စိတ်ထဲမှာလည်း တော်တော်လေး ၀မ်းနည်းနေခဲ့တယ်။ ဆောင်းတွင်းဆိုတော့ ညဘက်ကြီး အနွေးထည်လည်း
ဝတ်မလာမိဘူးတဲ့လေ။ ကောင်လေးဟာ အရမ်းချမ်းလွန်းပေမယ့် ကောင်မလေးကို မျှော်နေခဲ့တယ်။သူ့ကို အရမ်းချစ်ခဲ့မိတာကိုး
ညဥ့်နက်တော့ ကောင်မလေးဟာ သူ့အစ်ကိုဆိုသူနဲ့ အတူ ပြန်ရောက်လာခဲ့တယ်။ ကောင်လေးရဲ့ စိတ်ထဲမှာတော့
သူ့အစ်ကိုလို့ပဲ ထင်ထားသေးတယ်။ကောင်မလေးကို ယုံကြည်နေသတဲ့။ အကြောင်းကိစ္စတစ်ခုကြောင့် နောက်ကျတာနေမှာပါလေ
ဆိုပြီး စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားဘူးတဲ့။ ကောင်မလေးနဲ့ သူ့အစ်ကိုဆိုသူ(သူ့ရည်းစား)ဟာ ကောင်လေးကို မမြင်ဘူးတဲ့။
ကောင်မလေးဟာ သူ့အစ်ကိုသာ ပြောတာ (ကုမ္ပဏီက လူတွေကို တစ်ခါမှ မိတ်မဆက်ပေးဘူးဖူးဆိုပဲ)အဲဒါကြောင့် သူ့အစ်ကိုလုပ်သူကိုလည်း
အဲဒီနေ့ကျမှ သဲသဲကွဲကွဲ မြင်ဘူးတာတဲ့။

Subscribe to:
Posts (Atom)